Tag Archives: Sections

Section Modulus Calculations… အပိုင်း(၂)

 

ဟုတ်ကဲ့… အပိုင်း(၁) ရေးပြီးတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Section Modulus ကို AutoCAD က ယူလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်သိသလောက် Section Modulus ကိုတော့ တန်းမထုတ်ပေးပါဘူး။ ဒါပေမယ့် Centroid ရှိမယ့် Position ( y ) နဲ့ I (tna) ကို ဖတ်လို့ရပါတယ်။ ဒါဆိုရင် ပြန်စားလိုက်ရင် SM ရပါတယ်။ Z=I/y လေ။ Z မှာ တော့ နှစ်ခုရှိမှာပေါ့။ Zbottom နဲ့ Ztop ပေါ့။ Rule နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းတာနဲ့ နှိုင်းယှဉ်ရမှာပါ။
1
ကဲ… AutoCAD ကနေယူနည်းလေးလည်း တစ်ခါတည်း ပြောပြရတာပေါ့။ ပထမဦးဆုံး ကိုယ်တွက်မယ့် Section ပုံ (Attached Plating အပါ) ကို Dimension အမှန်နဲ့ ဆွဲလိုက်ပါ။ ပြီးရင် ဆွဲထားတဲ့ တစ်ခုလုံးကို Region ဖွဲ့ပါ။ Region ဖြစ်သွားပြီဆိုရင် UCS (Universal Coordinate System) ကို Local ဖြစ်အောင် ကိုယ့်Section ရဲ့ တွက်မယ့် Assumed Neutral Axis မှာ လာချလိုက်ပေါ့။ ရှေ့အပိုင်းမှာ တွက်ထားသလိုဆိုရင်တော့ UCS က Attached Plating ရဲ့ အောက်ခြေမှာ ရှိပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ Massprop Command နဲ့ ခုနက ဖွဲ့ခဲ့တဲ့ Region ကို Select လုပ်ပြီး Enter ခေါက်လိုက်ရင် y နဲ့ I ထွက်လာပါပြီ။ ပုံမှာကြည့်ပါ။ ကျွန်တော်ကတော့ မြင်သာအောင်လို့ Section ကို Hatch ခြယ်ပြထားပါတယ်။
2
အဖြေကိုကြည့်လိုက်ပါ။ ကျွန်တော်တို့ Excel နဲ့ တွက်တုန်းက y က 15.78608 mm ရပြီး AutoCAD မှာ 15.7861ပါ။ ကျွန်တော်တို့ I (tna) က 26579977mm^4 ရပြီး AutoCADက 2642404mm^4ရပါတယ်။ အဲ့တော့ SM (top) က Excel မှာ 40.76cm^3 ဖြစ်ပြီး AutoCAD မှာ 40.52cm^3 ရပါတယ်။ ဒီလောက်ကွာတာ ပြသနာမရှိပါဘူး။

ကဲ… နောက်တစ်ခုက Attached Plating ရဲ့ Effective Breadth ကိုရှင်းပြရမှာပေါ့။ ရှင်းရင်ရှုပ်ရင်းဖြစ်ဖို့ မြင်ယောင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း တော်တော်နားလည်အောင် လုပ်ခဲ့ရတာပါ။ Effective Breadth ကို မရှင်းပြခင် Attached Plating ရဲ့ Length နဲ့ Breadth
ကို ဘယ်လိုယူမလဲအရင်ပြောပြမှရမယ်။ တွက်ချင်တဲ့ Member တစ်ခုချင်းနဲ့ ရှင်းပြမှရမယ် ထင်တယ်။

Bottom Transverse (Floor) ကို တွက်မယ်ဆိုရင်….

Longitudinal Framing System မှာ Bottom Girder တွေက Continuous သွားမှာပါ။ Bottom Transverse တွေက အဖြတ်ခံရမှာလေ။ အဲ့တော့ Bottom Transverse ကို တွက်မယ်ဆိုရင် အောက်က Attached Plating ရဲ့ Length က Girderနှစ်ချောင်းကြား လို့အကြမ်းပြင်းမှတ်ထားလိုက်ပါ။ Longitudinal Framing System မှာ Transverse Floor တွေက Web Spacing အတိုင်းပဲရှိမှာပေါ့။ Frame တိုင်းမှာ မရှိဘူးလေ။ ထားပါတော့
Floor တစ်ခုနဲ့တစ်ခုက 2m ကွာတယ်ပေါ့။ ဒါဆို Attached Plating ရဲ့ Breadth ကို 2m လို့အလွယ်မှတ်ထားလို့ရပါတယ်။


33b
အမှန်ကတော့ Fig. (b) မှာ ပြထားတဲ့အတိုင်းပဲ Floor 1, Floor 2, Floor 3 ရှိတယ်ထားပါတော့။ Floor 1 နဲ့ Floor 2 ကြားက Fr. Space.1 Floor 2 နဲ့ Floor 3 ကြားက Fr. Space.2 ဆိုရင် Floor 2 နဲ့ ကပ်ထားတဲ့ Attached Plating က Fr. Space 1 ရဲ့ တစ်ဝက်နဲ့ Fr. Space 2 ရဲ့ တစ်ဝက် ပေါင်းထားတာပါ။ ရှုပ်ကုန်ပြီလားမသိဘူး။ ဒါတောင် Attached Plating ရဲ့ Length နဲ့ Breadth ကိုပဲ ပြော ရသေးတာနော်… Effective Breadth ဆိုတာကို မပြောရသေးဘူး။ Effective Breadth ဆိုတာက Breadth ထက်သေးပါတယ်။ Length/Breadth Ratio of Supported Member ပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲပါတယ်။ ခုနကရလာတဲ့ Plating ရဲ့ Length နဲ့ Breadth နဲ့ကိုစားပါ။ ပြီးရင် Power (2/3) တင်ပြီး ရလာတဲ့အဖြေကို 0.3 နဲ့ မြှောက်ပါ။ Factor တစ်ခုရပါလိမ့်မယ်။ အဲ့ Factor က ခုနက Breadth နဲ့ မြှောက်ရင် Effective Breadth ရ
ပါလိမ့်မယ်။ ဒါကတော့ Lloyd’s Inland Rule (2011) Part3, Chapter3, Section3.2 မှာ ဖော်ပြထားပါတယ်။ တစ်ခြား Rules တွေမှာလည်း Effective Breadth ကို သုံးပါလို့ ပြောထားပေမယ့် အများစုမှာ Effective Breadth of Attached Plating ကို ဘယ်လိုတွက်ယူရမလဲ ပြောထားတာမတွေ့ပါဘူးဗျာ။ Basic Ship Theory ရဲ့ Edition အဟောင်း မှာ Pg. 233, Fig.7.4 Effective Breadth of Plating ဆိုပြီး ရှင်းပြထားပေမယ့် နောက်ဆုံး Edition မှာ ပါမလာတော့ဘူးဗျ။ Section Modulus တွက်ရင် Breadth နဲ့တွက်လည်း
သိပ်သိသိသာသာပြောင်းလဲမှု မရှိဘူးလို့ထင်တာပဲ။ အောက်ပုံမှာ Lloyd’s က ရော Basic Ship Theory အဟောင်းကဟာပါ တင်ပေးလိုက်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ ရှာဖတ်ပါ။ ကျွန်တော်လည်း ဒီလောက်ပဲသိပါတယ်။ လေ့လာနေစဲပါ။
54

Plating နဲ့ Angle က ထောင့်မှန်မကျရင် ခုနက Length တွေ Breadth တွေကို Factor တစ်ခုနဲ့ ထပ်မြှောက်ရပါသေးတယ်။ သိထားဖို့ပါ။ လေ့လာစရာတွေက အများကြီးပါ။ Corrugation တွေအတွက်ကျပြန်တော့လည်း တစ်မျိုးဖြစ်ပြန်ရော… Rule အမျိုးမျိုး Concept အထွေထွေ… လေ့လာပါ။ ကဲ… ပြန်ဆက်ရအောင်။ Effective Section Modulus ကို Excel တွေ AutoCAD တွေမလိုပဲ အလွယ်တွက်နိုင်ဖို့ Lloyd’s မှာ ထပ်ပေးထားပါ
သေးတယ်။ ကိုယ်တွက်ထားတဲ့ဟာနဲ့ ပြန်စစ်ကြည့်ပေါ့။ သိပ်ကွာလို့မရပါဘူး။ ပုံမှာပဲကြည့်ပါ။
6
Z={(a*dw)/10}+[{(tw*dw^2)/6000}*{1+{(200*(A-a))/{(200*A)+(tw*dw)}}] ပါ။

ကဲ… မနေ့က L-75x75x6mm နဲ့ပဲပြန်တွက်ပြတာပေါ့။
a ဆိုတာ Face Plate ရဲ့ Area ပါ။
a=(75*6)/100=4.5cm^2 ပါ။ ၁၀၀နဲ့စားတယ်ဆိုတာ unit ချိန်းတာပါ။
A ကတော့ အောက်က Attach Plating ရဲ့ Area ပါ။
A=(498.3*6)/100= 29.898cm^2 ပါ။
dw ကတော့ webရဲ့ depth ပါ။ ဒီမှာတော့ 69mm ပေါ့။
tw ကတော့ Web thickness ပါ။ ဒီမှာ 6mm. ကဲအဲ့တော့ ရပြီ။

Z={(4.5*69)/10}+[{(6*69^2)/6000}*{1+{(200*(29.898-4.5))/{(200*29.898)+(6*69)}}]
Z={31.05+[{4.761}*{1+{5079.6/{5979.6+414}}}]
Z=39.594 cm^2

ကဲ… Excel နဲ့တွက်တော့ 40.76cm^3, Auto CAD မှာ 40.52cm^3. အခုဒီ Formula နဲ့က 39.594 cm^2. ဘယ်လောက်မှမကွာပါဘူး။ ဒါက Scantling Requirements/ Rule Requirements ကို တွက်တာ မဟုတ်ဘူးနော်… Actual သုံးထားတဲ့ Member တွေရဲ့ SM ကို ပြန်ယှဉ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့
တွက်ပြနေတာနော်။

ဟူး… Bottom Transverse Floor ပဲရှိသေးတယ် ရှင်းပြတာ။ Member တွေအများကြီးမှ အများကြီး ကျန်သေးတယ်။

Bottom Structure တွေမှာဆိုရင်
1. Centerline Girder
2. Side Girders
3. Bottom Transverses (Floors)
4. Bottom Longitudinals
5. Bilge Longitudinals စသဖြင့်

Side မှာဆိုလည်း
1. Side Frame (Ordinary)
2. Side Frame (Web)
3. Side Stringers
4. Side Longitudinals….

Deck မှာလည်း
1. Deck Centreline Girder
2. Deck Side Girders
3. Deck Transverses (Deck Beam)
4. Deck Longitudinals…

Bulkhead မှာလည်း Stiffener တွေ Stringer တွေ … Pillar တွေ… အားပါးပါး… အများကြီးမှ အများကြီး။

အရေးကြီးတာက တစ်ခုကို မှန်မှန်ကန်ကန်သေသေချာချာ တွက်တတ်သွားဖို့ပဲ အရေးကြီးတာ ကျန်တာတွေအကုန်လုံးက ဒီ Flow ပဲ… ဒီ Structure တွေကို ပဲ ဘေးကကြည့်လိုက် ရှေ့က ကြည့်လိုက်၊ အပေါ်ကကြည့်လိုက်၊ အောက်ကကြည့်လိုက်၊ နောက်ကကြည့်လိုက်တွေလုပ်တာ ဘာမှမခက်ဘူး။ ပထမဆုံးဟာကို သေသေချာချာ ပြီးဆုံးပြီး မှန်ကန်တဲ့အထိတွက်သွားပါ။

စိတ်ဓါတ်မကျပါနဲ့… စာများများဖတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လေ့လာစရာတွေအများကြီးပါ။ အရိုးသားဆုံးဝန်ခံရရင် အစ်ကိုကျောင်းတုန်းကလည်း ဒီလောက်အထိမသိခဲ့ပါဘူး။ ကျောင်းစာအပြင်လည်း မလေ့လာခဲ့ဘူး။ လုပ်ငန်းခွင်ရောက်မှ မလုပ်မနေရဆိုတော့မှ ခြေကားယား လက်ကားယားနဲ့ ပြူးတူးပြာတာ ရှာကြံဖတ်ခဲ့ရတာ။ ဒါတွေကို ကြိုသိထားတော့
ပိုကောင်းတာပေါ့။

ဖတ်ရတာလည်းမောလောက်ရောပေါ့။ အချိန်ပေးဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အမှားပါရင်လည်း ထောက်ပြပေးကြပါ။ ဘ၀မှာ သင်ယူလေ့လာမဆုံးပါဘူးဗျာ။ ကျွန်တော် လည်း လေ့လာနေစဲပါ။ ဆက်ပြီး နောက်အပိုင်းတွေကိုလည်း ဖတ်ပေးပါဦးလို့။ စာနဲ့ရေးရတာဆိုတော့ နားမလည်တာရှိရင်လည်း မေးပါ။ ကျွန်တော်သိသလောက်ဖြေပေးပါ့မယ်။

ထိုက်အောင်ကျော်