Tag Archives: Attached Plating

Section Modulus Calculations… အပိုင်း(၂)

 

ဟုတ်ကဲ့… အပိုင်း(၁) ရေးပြီးတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Section Modulus ကို AutoCAD က ယူလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်သိသလောက် Section Modulus ကိုတော့ တန်းမထုတ်ပေးပါဘူး။ ဒါပေမယ့် Centroid ရှိမယ့် Position ( y ) နဲ့ I (tna) ကို ဖတ်လို့ရပါတယ်။ ဒါဆိုရင် ပြန်စားလိုက်ရင် SM ရပါတယ်။ Z=I/y လေ။ Z မှာ တော့ နှစ်ခုရှိမှာပေါ့။ Zbottom နဲ့ Ztop ပေါ့။ Rule နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းတာနဲ့ နှိုင်းယှဉ်ရမှာပါ။
1
ကဲ… AutoCAD ကနေယူနည်းလေးလည်း တစ်ခါတည်း ပြောပြရတာပေါ့။ ပထမဦးဆုံး ကိုယ်တွက်မယ့် Section ပုံ (Attached Plating အပါ) ကို Dimension အမှန်နဲ့ ဆွဲလိုက်ပါ။ ပြီးရင် ဆွဲထားတဲ့ တစ်ခုလုံးကို Region ဖွဲ့ပါ။ Region ဖြစ်သွားပြီဆိုရင် UCS (Universal Coordinate System) ကို Local ဖြစ်အောင် ကိုယ့်Section ရဲ့ တွက်မယ့် Assumed Neutral Axis မှာ လာချလိုက်ပေါ့။ ရှေ့အပိုင်းမှာ တွက်ထားသလိုဆိုရင်တော့ UCS က Attached Plating ရဲ့ အောက်ခြေမှာ ရှိပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ Massprop Command နဲ့ ခုနက ဖွဲ့ခဲ့တဲ့ Region ကို Select လုပ်ပြီး Enter ခေါက်လိုက်ရင် y နဲ့ I ထွက်လာပါပြီ။ ပုံမှာကြည့်ပါ။ ကျွန်တော်ကတော့ မြင်သာအောင်လို့ Section ကို Hatch ခြယ်ပြထားပါတယ်။
2
အဖြေကိုကြည့်လိုက်ပါ။ ကျွန်တော်တို့ Excel နဲ့ တွက်တုန်းက y က 15.78608 mm ရပြီး AutoCAD မှာ 15.7861ပါ။ ကျွန်တော်တို့ I (tna) က 26579977mm^4 ရပြီး AutoCADက 2642404mm^4ရပါတယ်။ အဲ့တော့ SM (top) က Excel မှာ 40.76cm^3 ဖြစ်ပြီး AutoCAD မှာ 40.52cm^3 ရပါတယ်။ ဒီလောက်ကွာတာ ပြသနာမရှိပါဘူး။

ကဲ… နောက်တစ်ခုက Attached Plating ရဲ့ Effective Breadth ကိုရှင်းပြရမှာပေါ့။ ရှင်းရင်ရှုပ်ရင်းဖြစ်ဖို့ မြင်ယောင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း တော်တော်နားလည်အောင် လုပ်ခဲ့ရတာပါ။ Effective Breadth ကို မရှင်းပြခင် Attached Plating ရဲ့ Length နဲ့ Breadth
ကို ဘယ်လိုယူမလဲအရင်ပြောပြမှရမယ်။ တွက်ချင်တဲ့ Member တစ်ခုချင်းနဲ့ ရှင်းပြမှရမယ် ထင်တယ်။

Bottom Transverse (Floor) ကို တွက်မယ်ဆိုရင်….

Longitudinal Framing System မှာ Bottom Girder တွေက Continuous သွားမှာပါ။ Bottom Transverse တွေက အဖြတ်ခံရမှာလေ။ အဲ့တော့ Bottom Transverse ကို တွက်မယ်ဆိုရင် အောက်က Attached Plating ရဲ့ Length က Girderနှစ်ချောင်းကြား လို့အကြမ်းပြင်းမှတ်ထားလိုက်ပါ။ Longitudinal Framing System မှာ Transverse Floor တွေက Web Spacing အတိုင်းပဲရှိမှာပေါ့။ Frame တိုင်းမှာ မရှိဘူးလေ။ ထားပါတော့
Floor တစ်ခုနဲ့တစ်ခုက 2m ကွာတယ်ပေါ့။ ဒါဆို Attached Plating ရဲ့ Breadth ကို 2m လို့အလွယ်မှတ်ထားလို့ရပါတယ်။


33b
အမှန်ကတော့ Fig. (b) မှာ ပြထားတဲ့အတိုင်းပဲ Floor 1, Floor 2, Floor 3 ရှိတယ်ထားပါတော့။ Floor 1 နဲ့ Floor 2 ကြားက Fr. Space.1 Floor 2 နဲ့ Floor 3 ကြားက Fr. Space.2 ဆိုရင် Floor 2 နဲ့ ကပ်ထားတဲ့ Attached Plating က Fr. Space 1 ရဲ့ တစ်ဝက်နဲ့ Fr. Space 2 ရဲ့ တစ်ဝက် ပေါင်းထားတာပါ။ ရှုပ်ကုန်ပြီလားမသိဘူး။ ဒါတောင် Attached Plating ရဲ့ Length နဲ့ Breadth ကိုပဲ ပြော ရသေးတာနော်… Effective Breadth ဆိုတာကို မပြောရသေးဘူး။ Effective Breadth ဆိုတာက Breadth ထက်သေးပါတယ်။ Length/Breadth Ratio of Supported Member ပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲပါတယ်။ ခုနကရလာတဲ့ Plating ရဲ့ Length နဲ့ Breadth နဲ့ကိုစားပါ။ ပြီးရင် Power (2/3) တင်ပြီး ရလာတဲ့အဖြေကို 0.3 နဲ့ မြှောက်ပါ။ Factor တစ်ခုရပါလိမ့်မယ်။ အဲ့ Factor က ခုနက Breadth နဲ့ မြှောက်ရင် Effective Breadth ရ
ပါလိမ့်မယ်။ ဒါကတော့ Lloyd’s Inland Rule (2011) Part3, Chapter3, Section3.2 မှာ ဖော်ပြထားပါတယ်။ တစ်ခြား Rules တွေမှာလည်း Effective Breadth ကို သုံးပါလို့ ပြောထားပေမယ့် အများစုမှာ Effective Breadth of Attached Plating ကို ဘယ်လိုတွက်ယူရမလဲ ပြောထားတာမတွေ့ပါဘူးဗျာ။ Basic Ship Theory ရဲ့ Edition အဟောင်း မှာ Pg. 233, Fig.7.4 Effective Breadth of Plating ဆိုပြီး ရှင်းပြထားပေမယ့် နောက်ဆုံး Edition မှာ ပါမလာတော့ဘူးဗျ။ Section Modulus တွက်ရင် Breadth နဲ့တွက်လည်း
သိပ်သိသိသာသာပြောင်းလဲမှု မရှိဘူးလို့ထင်တာပဲ။ အောက်ပုံမှာ Lloyd’s က ရော Basic Ship Theory အဟောင်းကဟာပါ တင်ပေးလိုက်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ ရှာဖတ်ပါ။ ကျွန်တော်လည်း ဒီလောက်ပဲသိပါတယ်။ လေ့လာနေစဲပါ။
54

Plating နဲ့ Angle က ထောင့်မှန်မကျရင် ခုနက Length တွေ Breadth တွေကို Factor တစ်ခုနဲ့ ထပ်မြှောက်ရပါသေးတယ်။ သိထားဖို့ပါ။ လေ့လာစရာတွေက အများကြီးပါ။ Corrugation တွေအတွက်ကျပြန်တော့လည်း တစ်မျိုးဖြစ်ပြန်ရော… Rule အမျိုးမျိုး Concept အထွေထွေ… လေ့လာပါ။ ကဲ… ပြန်ဆက်ရအောင်။ Effective Section Modulus ကို Excel တွေ AutoCAD တွေမလိုပဲ အလွယ်တွက်နိုင်ဖို့ Lloyd’s မှာ ထပ်ပေးထားပါ
သေးတယ်။ ကိုယ်တွက်ထားတဲ့ဟာနဲ့ ပြန်စစ်ကြည့်ပေါ့။ သိပ်ကွာလို့မရပါဘူး။ ပုံမှာပဲကြည့်ပါ။
6
Z={(a*dw)/10}+[{(tw*dw^2)/6000}*{1+{(200*(A-a))/{(200*A)+(tw*dw)}}] ပါ။

ကဲ… မနေ့က L-75x75x6mm နဲ့ပဲပြန်တွက်ပြတာပေါ့။
a ဆိုတာ Face Plate ရဲ့ Area ပါ။
a=(75*6)/100=4.5cm^2 ပါ။ ၁၀၀နဲ့စားတယ်ဆိုတာ unit ချိန်းတာပါ။
A ကတော့ အောက်က Attach Plating ရဲ့ Area ပါ။
A=(498.3*6)/100= 29.898cm^2 ပါ။
dw ကတော့ webရဲ့ depth ပါ။ ဒီမှာတော့ 69mm ပေါ့။
tw ကတော့ Web thickness ပါ။ ဒီမှာ 6mm. ကဲအဲ့တော့ ရပြီ။

Z={(4.5*69)/10}+[{(6*69^2)/6000}*{1+{(200*(29.898-4.5))/{(200*29.898)+(6*69)}}]
Z={31.05+[{4.761}*{1+{5079.6/{5979.6+414}}}]
Z=39.594 cm^2

ကဲ… Excel နဲ့တွက်တော့ 40.76cm^3, Auto CAD မှာ 40.52cm^3. အခုဒီ Formula နဲ့က 39.594 cm^2. ဘယ်လောက်မှမကွာပါဘူး။ ဒါက Scantling Requirements/ Rule Requirements ကို တွက်တာ မဟုတ်ဘူးနော်… Actual သုံးထားတဲ့ Member တွေရဲ့ SM ကို ပြန်ယှဉ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့
တွက်ပြနေတာနော်။

ဟူး… Bottom Transverse Floor ပဲရှိသေးတယ် ရှင်းပြတာ။ Member တွေအများကြီးမှ အများကြီး ကျန်သေးတယ်။

Bottom Structure တွေမှာဆိုရင်
1. Centerline Girder
2. Side Girders
3. Bottom Transverses (Floors)
4. Bottom Longitudinals
5. Bilge Longitudinals စသဖြင့်

Side မှာဆိုလည်း
1. Side Frame (Ordinary)
2. Side Frame (Web)
3. Side Stringers
4. Side Longitudinals….

Deck မှာလည်း
1. Deck Centreline Girder
2. Deck Side Girders
3. Deck Transverses (Deck Beam)
4. Deck Longitudinals…

Bulkhead မှာလည်း Stiffener တွေ Stringer တွေ … Pillar တွေ… အားပါးပါး… အများကြီးမှ အများကြီး။

အရေးကြီးတာက တစ်ခုကို မှန်မှန်ကန်ကန်သေသေချာချာ တွက်တတ်သွားဖို့ပဲ အရေးကြီးတာ ကျန်တာတွေအကုန်လုံးက ဒီ Flow ပဲ… ဒီ Structure တွေကို ပဲ ဘေးကကြည့်လိုက် ရှေ့က ကြည့်လိုက်၊ အပေါ်ကကြည့်လိုက်၊ အောက်ကကြည့်လိုက်၊ နောက်ကကြည့်လိုက်တွေလုပ်တာ ဘာမှမခက်ဘူး။ ပထမဆုံးဟာကို သေသေချာချာ ပြီးဆုံးပြီး မှန်ကန်တဲ့အထိတွက်သွားပါ။

စိတ်ဓါတ်မကျပါနဲ့… စာများများဖတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လေ့လာစရာတွေအများကြီးပါ။ အရိုးသားဆုံးဝန်ခံရရင် အစ်ကိုကျောင်းတုန်းကလည်း ဒီလောက်အထိမသိခဲ့ပါဘူး။ ကျောင်းစာအပြင်လည်း မလေ့လာခဲ့ဘူး။ လုပ်ငန်းခွင်ရောက်မှ မလုပ်မနေရဆိုတော့မှ ခြေကားယား လက်ကားယားနဲ့ ပြူးတူးပြာတာ ရှာကြံဖတ်ခဲ့ရတာ။ ဒါတွေကို ကြိုသိထားတော့
ပိုကောင်းတာပေါ့။

ဖတ်ရတာလည်းမောလောက်ရောပေါ့။ အချိန်ပေးဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အမှားပါရင်လည်း ထောက်ပြပေးကြပါ။ ဘ၀မှာ သင်ယူလေ့လာမဆုံးပါဘူးဗျာ။ ကျွန်တော် လည်း လေ့လာနေစဲပါ။ ဆက်ပြီး နောက်အပိုင်းတွေကိုလည်း ဖတ်ပေးပါဦးလို့။ စာနဲ့ရေးရတာဆိုတော့ နားမလည်တာရှိရင်လည်း မေးပါ။ ကျွန်တော်သိသလောက်ဖြေပေးပါ့မယ်။

ထိုက်အောင်ကျော်

 

Section Modulus Calculations… အပိုင်း(၁)

Section Modulus Calculations… အပိုင်း(၁)

ကျွန်တော်မယုံမရှိနဲ့ တကယ်ဗျာဆိုတဲ့ အပိုင်း တွေရေးနေတာပါ။ ဒါပေမယ့်
ကျောင်းမှာ Final Year First Presentation ကိုသွားနားထောင်လိုက်တော့
Presentation အများစု (အကုန်မဟုတ်ပါ) မှာ Scantling Calculations
နဲ့ Section Modulus Calculations (Local) တွက်တဲ့နေရာမှာ အမှားလေးတွေ ပါတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ရေးလက်စ မယုံမရှိနဲ့ တကယ်ဗျ ဆိုတာကို ခဏရပ်ပြီး ဒါကိုရေးဖို့ကြိုးစားလိုက်တာပါ။ တွက်တာကလုံးဝကြီးမှားနေတာတော့  မဟုတ်ပါဘူး။ အယူအဆလွဲနေတာလေးတွေတွေ့ရပါတယ်။

အခုစပြောမှာကတော့ တကယ်သုံးထားတဲ့ Member (Actual) တွေရဲ့
Section Modulus တွက်တာတွေကို စပြောပါ့မယ်။ တကယ်သုံးထားတဲ့ Members တွေမှာ Attach Plating ကို Section Modulus တွက်တဲ့အချိန်မှာထည့်တွက်ပါတယ်။ တကယ်သုံးထားတဲ့ Members တွေက Standard Size ဖြစ်မယ်ဆိုရင် ၄င်းတို့ရဲ့  Section Modulus ကို Attach Plating မပါပဲဆိုရင် Steel Book မှာဖတ်လို့ရပါတယ်။ (ဒီမှာတော့ Standard Size သုံးတာမျိုးသိပ်မရှိပဲ Buildup Sections တွေဖြစ်တဲ့အတွက်
ကိုယ့်ဟာကိုယ်ပြန်တွက်ရတာများပါတယ်။) Smart Phone တွေအတွက်လည်း  Software တွေရှိပါတယ်။ ဥပမာ – Android အတွက်ဆိုရင် Steel Shapes  နာမည်နဲ့ရှိပါတယ်။

 

IMG_20140808_212500
ဒီနေရာမှာ Section Modulus မတွက်ခင် သိထားသင့်တာကို  အရင်ပြောပါ့မယ်။ Angle Section တွေကို ဖော်ပြတဲ့အခါမှာ L-75x75x6mm စသဖြင့် ဖော်ပြလေ့ရှိပြီး Tee Section တွေဖော်ပြတဲ့အခါမှာ T-(360×8)+(125×10)mm စသဖြင့် ဖော်ပြလေ့ရှိပါတယ်။ ဒါကတော့ Shipyard Practice ပေါ်မူတည်ပြီး အနည်းငယ် ကွာခြားတတ်ပါတယ်။ အရမ်းအရေးမကြီးပေမယ့် တစ်ခုသိရမှာက Angle ဆိုရင် အစအဆုံးတိုင်းရပါတယ်။ ဆိုလိုတာက L-75x75x6mm ဆိုတဲ့နေရာမှာ Web က 75 လို့ဆိုပါတယ်။ အဲ့ 75 လို့ ဆိုထားတာမှာ အောက်ခြေကနေ Flange Thickness အပါအဆုံးအထိတိုင်းမှ 75 ရှိပါတယ်။ Tee Section မှာတော့ အဲ့လိုမဟုတ်ပါဘူး။ Tee Section မှာ T-(360×8)+(125×10)mm
လို့ဆိုတဲ့နေရာမှာ Web ရဲ့ Height ကပဲ 360 ရှိပါတယ်။ Top Plate Thickness မပါပဲတိုင်း တာပါ။ အဲ့ 360 ရဲ့ အပေါ်ကိုမှ အလျား 125 ထု 10 ရှိတဲ့ Top Plate ကို ထပ်ကပ်ထားတာပါ။ ပုံမှာကြည့်ပါ။ ရှင်းမယ်လို့ ထင်ပါလိမ့်မယ်။ ဒါက အရေးမကြီးပေမယ့် သိထားသင့်တယ်  ထင်လို့ပြောပြတာပါ။

ကဲစမယ်။ Section Modulus of Each Member (Local Member)…
ဆိုပါစို့… သင်္ဘောရဲ့ Ordinary Side Frame မှာ Angle Bar ဖြစ်တဲ့ L-75x75x6mm ကို သုံးထားတယ်။ Attached Plating ဖြစ်တဲ့ သင်္ဘောရဲ့ Shell Plate Thickness က 6mm. Ordinary Side Frame တစ်ခုနဲ့ တစ်ခုကြားက 500mm Frame Spacing ကွာတယ်။  ကဲ… အဲ့ကောင်ရဲ့ Section Modulus ကို ရှာကြရအောင်။

Sectional Modulus Calculation

Excel နဲ့ မြန်အောင် အလွယ်သဘောတွက်ကြည့်ကြတာပေါ့။ ပုံမှာကြည့်ပါ။ ကျွန်တော် ကတော့ ပထမဦးဆုံးတွက်မယ့် Member ရဲ့ ခေါင်းစဉ်တတ်လိုက်တယ်။ ပြီးတော့  A2 အကွက်မှာ Web ရဲ့ Height, B2 မှာ Web ရဲ့ Thickness, C2 မှာ Flange ရဲ့ Width, D2 မှာ Flange ရဲ့ Thickness, E2 အကွက်မှာ Effective Breadth of Attached Plating
(Effective Breadth ဆိုတာ  ခဏမှတ်ထားပါပြီးမှ သေချာရှင်းပြမယ်။ သေချာတာကတော့  Effective Breadth က ရိုးရိုး Breadth ထက် ငယ်ပါတယ်။ ဒီမှာ Breadth ဆိုတာဟာ
Ordinary Frame တစ်ခုနဲ့ တစ်ခုကြား အကွာအဝေး (500mm) လို့ပဲ ခဏမှတ်ထားပါ။) ခုတော့ 498.3mm နဲ့ တွက်ထားနှင့်ပါ။ F2 မှာ Attached Plating (ဒီနေရာမှာ  Side Shell Plating) ရဲ့  Thickness တွေကို ဖြည့်လိုက်ပါတယ်။

နားလည်အောင် ဖတ်ကြည့်ပါ။ ကျွန်တော်လည်း စာသိပ်မရေးတတ်တော့ ရှင်းပြတာ နားလည် ပါ့မလားမသိဘူး။ လွယ်တာတော့ လွယ်ပါတယ်။ ဇယားကွက်ကို ပြထားသလို ဆွဲထားလိုက်ပါ။ B4 အကွက်မှာ က Web ရဲ့ Breadth ပါ။ အဲ့တော့ =B2 လို့ Function ရိုက်လိုက်ပါ။ Web ရဲ့ Height မှာတော့ ခုနကပြောခဲ့သလို 75 ဆိုတာက Flange ရဲ့ Thickness အပါမှပါ အခု IMG_20140808_212521
Flange Thickness ကို သတ်သတ်တွက်မှာဆိုတော့ နုတ်ထားလိုက်ပါ့မယ်။ (75-6)mm ဖြစ်ပါ့မယ်။ အဲ့ဒီအတွက် Function အနေနဲ့ =A2-D2 လို့ရိုက်လိုက်ပါ။ Column D မှာ က Area တွေကို တွက်ရမှာဖြစ်တဲ့အတွက် Col. B နဲ့ Col. C ကို မြှောက်ပေးလိုက်ပါ။ ဥပမာ – D4 မှာ ဆိုရင်
=B4*C4 ဖြစ်မှာပေါ့။ Column E က y ဆိုတာကတော့ Assumed Neutral Axis ကနေ  ကိုယ်တွက်နေတဲ့ Part ရဲ့ Centroid အထိ တိုင်းထားတဲ့ Vertical Distance ပါ။ ကျွန်တော်တို့ က ANA ကို Plating  ရဲ့ အောက်ဆုံးကနေယူထားတော့ အဲ့ကစတိုင်းရမှာပါ။ Centroid က
ပုံမှန်လေးထောင့်တုံးဆိုရင် အလယ်ကောင်တဲ့တဲ့မှာရှိပါတယ်။ ဒီမှာ Web အတွက်ဆိုရင် Web Height 69mm ရဲ့ တစ်ဝက်နေရာမှာရှိပါမယ်။ ဒါပေမဲ့ Plating ရဲ့ Base မှာ ANA ယူထားတဲ့ အတွက် Plating Thickness ကိုပါထည့်ပေါင်းရမှာပါ။ အဲ့တော့ (69/2)+6 ဖြစ်သွားမှာပေါ့။ Function နဲ့ ဆိုရင်တော့ =C4/2+F2 ပေါ့ဗျာ။ Ay နဲ့ Ay^2 က ရှင်းပြစရာမလိုဘူးထင်တယ်။
io လည်း Equation ကရေးပြီးသား ဘာမှခက်တာမဟုတ်ဘူး။ ဒီလိုပဲ Flg. နဲ့ Plate ရဲ့ ဟာတွေထည့်ပြီး အောက်ဆုံးအကွက်မှာတော့ အပေါ်ကဟာတွေကို
Summation ပြန်ပေါင်းထားတာပါ။

အောက်မှာရေးထားတဲ့ Height ဆိုတာကတော့ Shell Plate ကနေ ထိပ်ဆုံးအထိ အစအဆုံး Height ကို ပြောတာပါ။ ဒီမှာတော့ (75+6) ပေါ့။ y ကို လိုချင်ရင် Sum(Ay) ကို Sum (y) နဲ့စားလိုက်ပါ။ I(ana) ကတော့ Sum (Ay^2) နဲ့ Sum (io) ပေါင်းထားတာပေါ့။ Assumed NA ကနေ True Neutral Axis ကို ပြောင်းတာ မှတ်မိတယ်မှတ်လား။ I(ana)- (Sum(A)(y^2)) ဒီမှာဆိုရင်တော့ Function က =C10-(D7C9^2) ပေါ့။ ကဲ I အမှန်ရပြီဆိုတော့ yနဲ့စားလိုက်ရင် SM ရပြီပေါ့… ဒါပေမယ့် ရလာမယ့် Section Modulus က Zbottom ဖြစ်မှာပေါ့။ Zbottom က Ztop ထက်ပိုများပါတယ်။ ဘာလို့လဲဆိုတော့ Height 81mm ရှိတဲ့အချိန်မှာ yက 15.8mm
လောက်ပဲရှိတယ်လေ။ I က Constant ပဲထားပါတော့ y အနည်းနဲ့စားရင် Zကများမယ်လေ။ ဒါဆို y အများက ဘာလည်း (Height-y) ပါ။ ဒီနေရာမှာတော့ (81-15.8)=65.2 ပေါ့။ SM ကို ယှဉ်ရင် နည်းတဲ့ကောင်နဲ့ ယှဉ်ရတယ်လေ…

ဒါကြောင့် SM ကို Function အနေနဲ့ =C11/(C8-C9) လို့ပေးထားလိုက်တာပါ။ ဒီတွက်တဲ့အဆင့်ဆင့်မှာ မှားနိုင်တာ ၁ခုရှိသေးတယ်။ အဲ့ဒါတော့  ယူနစ်ပဲ… အခု အကုန်လုံးကို mm နဲ့ တွက်လာတဲ့အတွက် SM က mm^3 နဲ့ပဲထွက်လာပါသေးတယ်။ Rule မှာတွက်ရင် များသောအားဖြင့် SM ရဲ့ unit ကို cm^3 နဲ့ ပေးလေ့ရှိတယ်။  စိတ်မဆိုးနဲ့နော်… ယူနစ်ပြောင်းတာပါသင်ပေးလိုက်ဦးမယ်။ mm^3 ကနေ cm^3 ကို ပြောင်းချင်ရင် အဖြေကို ၁၀နဲ့ သုံးခါစားပါ။ သဘောက ၁၀၀၀နဲ့စားခိုင်းတာ… ဒီလောက်လူပိန်းနားလည်အောင်ပြောတာ
မှမှားတယ်ဆိုလည်း ကျွန်တော့်သာ လာသတ်သွားပါခင်ဗျာ… Unit ကို သတိထားစေချင်ပါတယ်။ အရမ်းအရေးကြီးပါတယ်။ Engineer တစ်ယောက်အတွက် Unit က အရေးအကြီးဆုံးပါပဲ။ ဒါကိုမှ
မှားရင်လည်း ညီလေး၊ ညီမလေးတို့… သူငယ်တန်းက စပြီး Final Year အထိ ကျောင်းတက်လာတဲ့ နှစ်တွေအားလုံးမှာ  ဘယ်နားသွားအိပ်ပျော်နေလို့ပါလည်းလို့ မေးပျဇေ…

ကဲ… အခေါ်အဝေါ်နဲ့ အသုံးအနှုန်းတွေနဲ့ Assumed Neutral Axis ထားတဲ့နေရာတွေသာ ကွာသွားမှာပါ သဘောတရားက အတူတူပဲ… ကဲ… အာ့ဆိုရင်… ကျွန်တော့်ကို ဒါတွက်ပြီး အဖြေကို Comment မှာရေးခဲ့ပေး
T-(360×8)+(125×10)mm ရှိတဲ့ Bottom Transverse Frame (Floor), Attached Bottom Plate က 6mm, Web Frame ၂ခု ကြားအကွာအဝေးက 2m (Effective Breadth အကြောင်းမပြောရသေးလို့ အခုလောလောဆယ်  Attached Plating ရဲ့ Width(Breadth) ကို 789mm နဲ့ပဲတွက်ပါဦး) ကျွန်တော့်ကို သူ့ရဲ့ SM (အနည်းဆုံး) ကို cm^3 နဲ့ ရှာပေးပါ။

မှတ်ချက်… Tee ကို တွက်ရင် Flange ဆိုတဲ့ စာလုံးအစား Top Plate/Face Plate ကပိုမှန်ပါလိမ့်မယ်။

တွက်ဖြစ်အောင်တွက်ပါ။ Presentation မှာအမှားတွေတွေ့နေလို့ပါ။ Defense ရောက်လို့ ဆရာကြီးတွေနဲ့ ဗိုလ်မှူးးတွေနဲ့တွေ့ရင် အပြောခံရမှာစိုးလို့ ဒီပို့စ်ကို မဖြစ်ဖြစ်အောင်ရေးလိုက်တာပါ။

ကျန်တဲ့ အယူအဆတွေနဲ့ Rule မှာသုံးတဲ့ Span တို့၊ ခုနကပြောတဲ့ Effective Breadth တို့ ကိုလည်း
ဆက်ရေးပေးပါဦးမယ်။

ထိုက်အောင်ကျော်

အမှားရှိလျှင်ခွင့်လွှတ်ပါ။ လွန်တာရှိ ……၀န္ဒာမိပါ…..