Tag Archives: Actual Section Modulus

Section Modulus Calculations… အပိုင်း(၅)

လူတွေက ဘ၀မှာဆင်ခြေအမျိုးမျိုးပေးတတ်ကြပါတယ်။ ဘာလို့ ဆင်ခြေလို့ သုံးလည်း မသိဘူးနော်… ဆင်လက်လို့ရောသုံးလားဟင်? ထားပါ… စကားတွေဖောင်ဖွဲ့နေတာ ကျွန်တော်လည်း ဆင်ခြေဆင်လက် ပေးမလို့ပါ။ ကျွန်တော် ပုံမှန်ရေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့်လည်း မရေးဖြစ်တဲ့အခါတွေလည်းရှိတာပေါ့။ ဒီတစ်ခါ ကျွန်တော် ဆင်ခြေ ဘယ်လိုပေးမယ်ထင်လည်းဗျ… ကျွန်တော်စာမရေးဖြစ်တာ မြေနီကုန်းမှာ ကုန်းကျော်တံတားဆောက်နေလို့ပါဗျာ… 😛

ခင်ဗျားပြန်မေးပါလိမ့်မယ်။ ဘယ့်နှယ့်ဗျာ… မြေနီကုန်းမှာ ကုန်းကျော်ဆောက်တာနဲ့ ခင်ဗျား Blog မရေးဖြစ်တာနဲ့ ဘာဆိုင်လဲလို့ ပေါ့ဗျာ။ ဒီလိုဗျ… ကျွန်တော်ကနေတာ ကမာရွတ်မှာ။ ရုံးတက်ရတာက သံလျင်တံတားအဆင်းက သာကေတ၊ တိုင်းရင်းသား ကျေးရွာနားမှာပေါ့ဗျာ။ တစ်နေ့တစ်နေ့ ရုံးသွားရင်၊ ရုံးပြန်ရင် ၁နာရီခွဲ၊ နှစ်နာရီလောက် ဘတ်စ်ကားပေါ်မှာအချိန်ပေးရတယ်။ တကယ်တန်းကားမပိတ်ရင် နာရီဝက်၊ မိနစ်၄၀ လောက်နဲ့ ရောက်တဲ့ခရီးဗျ… ခုတော့ မြေနီကုန်းမှာ တံတားလည်းဆောက်ရော ၁နာရီခွဲလည်းမရောက် နှစ်နာရီလည်းမရောက် ဖြစ်တော့ တစ်နေ့ကို လေးနာရီကျော် ဘတ်စ်ကားပေါ်ငုတ်တုတ်။ တစ်နေ့မှ ၂၄နာရီ၊ အိပ်ချိန် ၇နာရီနုတ်ရင် ၁၇နာရီ၊ ရုံးချိန် ၈နာရီနုတ် ၉နာရီကျန်၊ ဒီထဲ ကားစီးချိန်က ၄နာရီခွဲလောက်ပေးရတော့ ကိုယ်ပိုင်အချိန်က တစ်နေ့မှ ၄နာရီခွဲပဲရှိတာပေါ့ဗျာ။ အဲ့၎နာရီခွဲက ထမင်းစား၊ ရေသောက်နဲ့တင်ကုန်တယ်၊ မယုံမရှိနဲ့… (အင်တာနက်သုံးဖို့၊ Facebook မှာ Scroll လုပ်ဖို့က အချိန်ပေးရသေးသကိုး…) ကဲတွေ့လား။ အခုကျွန်တော်ပေးတဲ့ အရေမရ အဖတ်မရ ဆင်ခြေထဲမှာ မျောပြီး ခင်ဗျားလည်း ခင်ဗျားအချိန်ဘယ်နှမိနစ်ပေးလိုက်ရသလဲ… တွေ့သလား ဖြုတ်ခနဲကုန်သွားတဲ့အချိန်။

ကဲ… အပိုင်း(၄)တုန်းက ပြောလက်စပဲဆက်ပြောရအောင်။ Attached Plate တွေရဲ့ Length နဲ့ Breadth တွေကို Member ပေါ်မူတည်ပြီးဘယ်လိုယူမလဲဆိုတာလေ… အပိုင်း(၄)တုန်းက Bottom/Deck Transverses တွေ Side Frame (Ord:/Web) တွေ နဲ့တွဲထားတဲ့ Plating တွေအကြောင်းရှင်းပြခဲ့ပြီးပြီ။ အခုကျန်တဲ့ Longitudinals တွေနဲ့ Girders တွေ၊ Side Stringers/BHD Stringers တွေ၊ BHD Stiffeners တွေအကြောင်းပြောပြရတာပေါ့။ သဘောတရားကတော့ အတူတူပါပဲ။ နဲနဲ ပိုမြင်လာမလားဆိုပြီး ပုံနဲ့ ရှင်းပြမလို့ပါ။ ကဲ… Longitudinals တွေ… Deck/Side/Bottom အကုန် အတူတူပဲ။ ပုံ(၁)မှာကြည့်ပါ။

New Doc 1_1L-1, L-2, L-3, L-4 ရေးထားတာတွေက Longitudinals တွေပေါ့။ Longitudinals တွေတွက်တဲ့အချိန်မှာ Effective Breadth ကသိပ်အရေးမကြီးပါဘူး။ Breadth နဲ့ Effective Breadth က အတူတူပဲလို့တောင်မှတ်လို့ရပါတယ်။ Longitudinal ရှိတဲ့နေရာ တွေက Longi Framing System မှာလေ။ Longitudinals တွေက Continuous ပြေးထား တယ်လေ။ ဖြတ်ရင်တောင်မှ BHD နှစ်ခု အဆုံးမှာပဲဖြတ်ကြတယ်။ မဖြတ်တာလဲရှိတယ်။ ဒါကတော့ Shipyard Practice ပေါ်မှာပဲမူတည်တယ်။ Breadth နဲ့ Effective Breadth ဘာလို့တူတယ်လို့ပြောတာလည်းဆိုတော့ Longitudinal ရဲ့ Attached Plate Length က Breadth နဲ့ ယှဉ်ရင် အများကြီးကို များနေတယ်။ f က (l/b) ratio နဲ့ directly proportional ဖြစ်နေတော့ l များရင် f လည်းများမယ်။ ဒါပေမယ့် f မှာ က 1 ထက်ကျော်ရင် 1 ပဲယူခိုင်းထားပါတယ်။ Effective Breadth = f x Breadth မှာ f က ၁ဖြစ်တော့ Breadth က Effective Breadth ဖြစ်သွားတာပေါ့။ Longitudinals တွေအတွက် Breadth ယူတာကတော့ ပုံမှာပြထားတဲ့ အတိုင်းပဲ “b” အသေးလေးတွေလို၊ ဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်။ (အများအားဖြင့် Longitudinals တွေရဲ့ Spacing ကတူကြပါတယ်။ မတူရင်များတာယူတွက်ပေါ့။) ကဲ… Girders အတွက်လည်း ထိုနည်း၎င်းပဲ။ Girder နှစ်ခုကြားအကွာအဝေး B က Attach Plating ရဲ့ Breadth နဲ့တူတယ်လို့ အကြမ်းဖျင်းမှတ်လို့ရသွားပြီ။ Effective Breadth က လည်း အပေါ်ကပြောခဲ့သလိုပဲပေါ့။ Plate ရဲ့ Length L က BHD နှစ်ခုကြားဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင်လည်း တောက်လျှောက်ဖြစ်မယ်။ l/b ပေါ်မူတည်ပြီး f ပြောင်းမယ်။ l အရမ်းများရင် Effective Breadth နဲ့ Breadth နဲ့ သွားတူမယ်။ f=1 ဖြစ်သွားလို့…

ဖတ်တဲ့လူနားလည်မလည်တော့မသိဘူး။ ရေးတဲ့လူကိုယ်တိုင် ရေးရင်နဲ့ လည်နေပြီ။ ပုံလည်းဆွဲသာဆွဲရတယ်။ Naval Architect ကျွန်တော်… အိမ်မှာပေတံမရှိပါဘူးခင်ည… အဲ့ပုံတွေက ကျောင်းသားကဒ်အဟောင်းကို ပေတံလုပ်ပြီးဆွဲထားတာ… အဟိ… ကြွားတာ။ အဲ့ဒါကြောင့်လည်း ရုံးမှာဆရာဆူတာ။ ဆူလွန်းလို့ ရုံးမှာတော့ ပေတံရှိသွားပါပြီခင်ဗျာ။ အိမ်မှာတော့ Set-Square ကလွဲရင်မရှိပါ။ Set-Square နဲ့ကျတော့လည်း ဒီလောက်ပုံ ကြမ်းလေးကို မဆွဲချင်ဘူးဗျ… (အပျင်းတစ်တာ..) 😀

သဘောတရားတော့နားလည်ပြီ ယူဆတာပဲ။ Side Stringer/BHD Stringer လည်း ထိုနည်း ၄င်းပဲ။ Girder နဲ့ အတူတူပဲ။ တစ်ခုပဲကွာတာက Span ယူတဲ့အခါ Deck Beam နဲ့ Floor နဲ့ရဲ့ Top Plate ကိုနုတ်ပြီးမှ ယူပါတယ်။ ဒါပဲကွာတယ်။ ပုံ(၂)ကို ကြည့်။

New Doc 1_2(Bracket အကြောင်းမပြောထားသေးပါ။) ပုံ(၂)မှာ s1 ဆိုတာ Deck Beam ရဲ့ Top Plate ကနေ Side Stringer အထိယူထားပါတယ်။ s2 ဆိုတာကတော့ Floor ရဲ့ Top Plate ကနေSide Stringer အထိယူထားပါတယ်။ ဒါဆို Attached Plating ရဲ့ Breadth က (s1+s2)/2 ပေါ့။ Effective Breadth က တူရင်တူ မတူရင်နည်းပေါ့။ ဒါ Side Stringer တစ်ချောင်းထဲကို ပြထားတာပါ။ တစ်ချောင်းမက ရှိနိုင်ပါတယ်။ ယူပုံယူနည်းကတော့ အတူတူပဲပေါ့။ BHD Stringer လည်း အတူတူပါပဲ။

ဒီနည်းအတိုင်းပဲ BHD Stiffener တွေကျတော့ Longitudinals သဘောမျိုးပါပဲ။ Length ကတော့ အပေါ်ကနေအောက်အထိဖြစ်ပြီး Breadth က တစ်ချောင်းနဲ့ တစ်ချောင်းကြားပေါ့။ စာနဲ့ထပ်ရှင်းပြရင် လည်း ပြီးတော့မှာမဟုတ်ပါဘူး။

Section Modulus တွေကတော့ ကုန်သလောက်ရှိသွားပြီ။ Pillar အတွက်ရယ်၊ Midship တစ်ခုလုံးစာ အတွက်ရယ်လောက်ကျန်တော့မယ်ထင်တယ်။ Midship ဟာကကျောင်းမှာသင်ထားပြီးသားပါ။ အဆင်ပြေရင်လည်း ပြန်နွေးကြတာပေါ့။ Section Modulus နဲ့ ဆက်ပြီး ပြောစရာရှိတာကတော့ Bracket တွေပါ။ သုံးထားတဲ့ Member တွေရဲ့ Section Modulus ပေါ်မူတည်ပြီးတော့ Bracket တွေကို တွက်လေ့ရှိပါတယ်။ Bracket တွေရဲ့ Length, Thickness, Flanged or Unflanged ဆိုတာတွေ ကိုတွက်ပါတယ်။ ပုံကြည့်။ အကယ်၍ တတ်ထားတဲ့ Bracket က ခုနကတွက်တဲ့ဟာတွေထက် ငယ်နေတယ်၊ ဘောင်မ၀င်ဘူးဆိုရင် ဆက်စပ်နေတဲ့ Member တွေရဲ့ Rule အရ လိုအပ်တဲ့ Section Modulus ကို Percentage ပြန်တိုးပေးရပါသေးတယ်။ Bracket တစ်ဖက်ဖြုတ်ရင်/Require အောက်ငယ်နေရင် Rule အရလိုတဲ့ SM ကို ၁၀%တိုးပါ။ စသဖြင့်ပေါ့။ ဒါက Rule ပေါ်မူတည်ပြီးကွဲနိုင်တယ်ထင်ပါတယ်။

3141234 နောက်တစ်ချက်က Span ယူတဲ့နေရာမှာ Bracket ရဲ့အခြေအထိပဲ ယူလည်းရတယ်ဆိုတာမျိုးပေါ့။ ပုံပါ။

4451334

ကဲကဲ… ဒီနေ့တော့ဒီလောက်ပါဗျာ။ ကျွန်တော်ဟာလည်း သင်ယူနေစဲကျောင်းသား လေးဖြစ်သည့်အလျှောက် အမှားပါရင် ထောက်ပြပေးကြပါလို့…

ထိုက်အောင်ကျော်

Section Modulus Calculations… အပိုင်း(၂)

 

ဟုတ်ကဲ့… အပိုင်း(၁) ရေးပြီးတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Section Modulus ကို AutoCAD က ယူလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်သိသလောက် Section Modulus ကိုတော့ တန်းမထုတ်ပေးပါဘူး။ ဒါပေမယ့် Centroid ရှိမယ့် Position ( y ) နဲ့ I (tna) ကို ဖတ်လို့ရပါတယ်။ ဒါဆိုရင် ပြန်စားလိုက်ရင် SM ရပါတယ်။ Z=I/y လေ။ Z မှာ တော့ နှစ်ခုရှိမှာပေါ့။ Zbottom နဲ့ Ztop ပေါ့။ Rule နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းတာနဲ့ နှိုင်းယှဉ်ရမှာပါ။
1
ကဲ… AutoCAD ကနေယူနည်းလေးလည်း တစ်ခါတည်း ပြောပြရတာပေါ့။ ပထမဦးဆုံး ကိုယ်တွက်မယ့် Section ပုံ (Attached Plating အပါ) ကို Dimension အမှန်နဲ့ ဆွဲလိုက်ပါ။ ပြီးရင် ဆွဲထားတဲ့ တစ်ခုလုံးကို Region ဖွဲ့ပါ။ Region ဖြစ်သွားပြီဆိုရင် UCS (Universal Coordinate System) ကို Local ဖြစ်အောင် ကိုယ့်Section ရဲ့ တွက်မယ့် Assumed Neutral Axis မှာ လာချလိုက်ပေါ့။ ရှေ့အပိုင်းမှာ တွက်ထားသလိုဆိုရင်တော့ UCS က Attached Plating ရဲ့ အောက်ခြေမှာ ရှိပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ Massprop Command နဲ့ ခုနက ဖွဲ့ခဲ့တဲ့ Region ကို Select လုပ်ပြီး Enter ခေါက်လိုက်ရင် y နဲ့ I ထွက်လာပါပြီ။ ပုံမှာကြည့်ပါ။ ကျွန်တော်ကတော့ မြင်သာအောင်လို့ Section ကို Hatch ခြယ်ပြထားပါတယ်။
2
အဖြေကိုကြည့်လိုက်ပါ။ ကျွန်တော်တို့ Excel နဲ့ တွက်တုန်းက y က 15.78608 mm ရပြီး AutoCAD မှာ 15.7861ပါ။ ကျွန်တော်တို့ I (tna) က 26579977mm^4 ရပြီး AutoCADက 2642404mm^4ရပါတယ်။ အဲ့တော့ SM (top) က Excel မှာ 40.76cm^3 ဖြစ်ပြီး AutoCAD မှာ 40.52cm^3 ရပါတယ်။ ဒီလောက်ကွာတာ ပြသနာမရှိပါဘူး။

ကဲ… နောက်တစ်ခုက Attached Plating ရဲ့ Effective Breadth ကိုရှင်းပြရမှာပေါ့။ ရှင်းရင်ရှုပ်ရင်းဖြစ်ဖို့ မြင်ယောင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း တော်တော်နားလည်အောင် လုပ်ခဲ့ရတာပါ။ Effective Breadth ကို မရှင်းပြခင် Attached Plating ရဲ့ Length နဲ့ Breadth
ကို ဘယ်လိုယူမလဲအရင်ပြောပြမှရမယ်။ တွက်ချင်တဲ့ Member တစ်ခုချင်းနဲ့ ရှင်းပြမှရမယ် ထင်တယ်။

Bottom Transverse (Floor) ကို တွက်မယ်ဆိုရင်….

Longitudinal Framing System မှာ Bottom Girder တွေက Continuous သွားမှာပါ။ Bottom Transverse တွေက အဖြတ်ခံရမှာလေ။ အဲ့တော့ Bottom Transverse ကို တွက်မယ်ဆိုရင် အောက်က Attached Plating ရဲ့ Length က Girderနှစ်ချောင်းကြား လို့အကြမ်းပြင်းမှတ်ထားလိုက်ပါ။ Longitudinal Framing System မှာ Transverse Floor တွေက Web Spacing အတိုင်းပဲရှိမှာပေါ့။ Frame တိုင်းမှာ မရှိဘူးလေ။ ထားပါတော့
Floor တစ်ခုနဲ့တစ်ခုက 2m ကွာတယ်ပေါ့။ ဒါဆို Attached Plating ရဲ့ Breadth ကို 2m လို့အလွယ်မှတ်ထားလို့ရပါတယ်။


33b
အမှန်ကတော့ Fig. (b) မှာ ပြထားတဲ့အတိုင်းပဲ Floor 1, Floor 2, Floor 3 ရှိတယ်ထားပါတော့။ Floor 1 နဲ့ Floor 2 ကြားက Fr. Space.1 Floor 2 နဲ့ Floor 3 ကြားက Fr. Space.2 ဆိုရင် Floor 2 နဲ့ ကပ်ထားတဲ့ Attached Plating က Fr. Space 1 ရဲ့ တစ်ဝက်နဲ့ Fr. Space 2 ရဲ့ တစ်ဝက် ပေါင်းထားတာပါ။ ရှုပ်ကုန်ပြီလားမသိဘူး။ ဒါတောင် Attached Plating ရဲ့ Length နဲ့ Breadth ကိုပဲ ပြော ရသေးတာနော်… Effective Breadth ဆိုတာကို မပြောရသေးဘူး။ Effective Breadth ဆိုတာက Breadth ထက်သေးပါတယ်။ Length/Breadth Ratio of Supported Member ပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲပါတယ်။ ခုနကရလာတဲ့ Plating ရဲ့ Length နဲ့ Breadth နဲ့ကိုစားပါ။ ပြီးရင် Power (2/3) တင်ပြီး ရလာတဲ့အဖြေကို 0.3 နဲ့ မြှောက်ပါ။ Factor တစ်ခုရပါလိမ့်မယ်။ အဲ့ Factor က ခုနက Breadth နဲ့ မြှောက်ရင် Effective Breadth ရ
ပါလိမ့်မယ်။ ဒါကတော့ Lloyd’s Inland Rule (2011) Part3, Chapter3, Section3.2 မှာ ဖော်ပြထားပါတယ်။ တစ်ခြား Rules တွေမှာလည်း Effective Breadth ကို သုံးပါလို့ ပြောထားပေမယ့် အများစုမှာ Effective Breadth of Attached Plating ကို ဘယ်လိုတွက်ယူရမလဲ ပြောထားတာမတွေ့ပါဘူးဗျာ။ Basic Ship Theory ရဲ့ Edition အဟောင်း မှာ Pg. 233, Fig.7.4 Effective Breadth of Plating ဆိုပြီး ရှင်းပြထားပေမယ့် နောက်ဆုံး Edition မှာ ပါမလာတော့ဘူးဗျ။ Section Modulus တွက်ရင် Breadth နဲ့တွက်လည်း
သိပ်သိသိသာသာပြောင်းလဲမှု မရှိဘူးလို့ထင်တာပဲ။ အောက်ပုံမှာ Lloyd’s က ရော Basic Ship Theory အဟောင်းကဟာပါ တင်ပေးလိုက်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ ရှာဖတ်ပါ။ ကျွန်တော်လည်း ဒီလောက်ပဲသိပါတယ်။ လေ့လာနေစဲပါ။
54

Plating နဲ့ Angle က ထောင့်မှန်မကျရင် ခုနက Length တွေ Breadth တွေကို Factor တစ်ခုနဲ့ ထပ်မြှောက်ရပါသေးတယ်။ သိထားဖို့ပါ။ လေ့လာစရာတွေက အများကြီးပါ။ Corrugation တွေအတွက်ကျပြန်တော့လည်း တစ်မျိုးဖြစ်ပြန်ရော… Rule အမျိုးမျိုး Concept အထွေထွေ… လေ့လာပါ။ ကဲ… ပြန်ဆက်ရအောင်။ Effective Section Modulus ကို Excel တွေ AutoCAD တွေမလိုပဲ အလွယ်တွက်နိုင်ဖို့ Lloyd’s မှာ ထပ်ပေးထားပါ
သေးတယ်။ ကိုယ်တွက်ထားတဲ့ဟာနဲ့ ပြန်စစ်ကြည့်ပေါ့။ သိပ်ကွာလို့မရပါဘူး။ ပုံမှာပဲကြည့်ပါ။
6
Z={(a*dw)/10}+[{(tw*dw^2)/6000}*{1+{(200*(A-a))/{(200*A)+(tw*dw)}}] ပါ။

ကဲ… မနေ့က L-75x75x6mm နဲ့ပဲပြန်တွက်ပြတာပေါ့။
a ဆိုတာ Face Plate ရဲ့ Area ပါ။
a=(75*6)/100=4.5cm^2 ပါ။ ၁၀၀နဲ့စားတယ်ဆိုတာ unit ချိန်းတာပါ။
A ကတော့ အောက်က Attach Plating ရဲ့ Area ပါ။
A=(498.3*6)/100= 29.898cm^2 ပါ။
dw ကတော့ webရဲ့ depth ပါ။ ဒီမှာတော့ 69mm ပေါ့။
tw ကတော့ Web thickness ပါ။ ဒီမှာ 6mm. ကဲအဲ့တော့ ရပြီ။

Z={(4.5*69)/10}+[{(6*69^2)/6000}*{1+{(200*(29.898-4.5))/{(200*29.898)+(6*69)}}]
Z={31.05+[{4.761}*{1+{5079.6/{5979.6+414}}}]
Z=39.594 cm^2

ကဲ… Excel နဲ့တွက်တော့ 40.76cm^3, Auto CAD မှာ 40.52cm^3. အခုဒီ Formula နဲ့က 39.594 cm^2. ဘယ်လောက်မှမကွာပါဘူး။ ဒါက Scantling Requirements/ Rule Requirements ကို တွက်တာ မဟုတ်ဘူးနော်… Actual သုံးထားတဲ့ Member တွေရဲ့ SM ကို ပြန်ယှဉ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့
တွက်ပြနေတာနော်။

ဟူး… Bottom Transverse Floor ပဲရှိသေးတယ် ရှင်းပြတာ။ Member တွေအများကြီးမှ အများကြီး ကျန်သေးတယ်။

Bottom Structure တွေမှာဆိုရင်
1. Centerline Girder
2. Side Girders
3. Bottom Transverses (Floors)
4. Bottom Longitudinals
5. Bilge Longitudinals စသဖြင့်

Side မှာဆိုလည်း
1. Side Frame (Ordinary)
2. Side Frame (Web)
3. Side Stringers
4. Side Longitudinals….

Deck မှာလည်း
1. Deck Centreline Girder
2. Deck Side Girders
3. Deck Transverses (Deck Beam)
4. Deck Longitudinals…

Bulkhead မှာလည်း Stiffener တွေ Stringer တွေ … Pillar တွေ… အားပါးပါး… အများကြီးမှ အများကြီး။

အရေးကြီးတာက တစ်ခုကို မှန်မှန်ကန်ကန်သေသေချာချာ တွက်တတ်သွားဖို့ပဲ အရေးကြီးတာ ကျန်တာတွေအကုန်လုံးက ဒီ Flow ပဲ… ဒီ Structure တွေကို ပဲ ဘေးကကြည့်လိုက် ရှေ့က ကြည့်လိုက်၊ အပေါ်ကကြည့်လိုက်၊ အောက်ကကြည့်လိုက်၊ နောက်ကကြည့်လိုက်တွေလုပ်တာ ဘာမှမခက်ဘူး။ ပထမဆုံးဟာကို သေသေချာချာ ပြီးဆုံးပြီး မှန်ကန်တဲ့အထိတွက်သွားပါ။

စိတ်ဓါတ်မကျပါနဲ့… စာများများဖတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လေ့လာစရာတွေအများကြီးပါ။ အရိုးသားဆုံးဝန်ခံရရင် အစ်ကိုကျောင်းတုန်းကလည်း ဒီလောက်အထိမသိခဲ့ပါဘူး။ ကျောင်းစာအပြင်လည်း မလေ့လာခဲ့ဘူး။ လုပ်ငန်းခွင်ရောက်မှ မလုပ်မနေရဆိုတော့မှ ခြေကားယား လက်ကားယားနဲ့ ပြူးတူးပြာတာ ရှာကြံဖတ်ခဲ့ရတာ။ ဒါတွေကို ကြိုသိထားတော့
ပိုကောင်းတာပေါ့။

ဖတ်ရတာလည်းမောလောက်ရောပေါ့။ အချိန်ပေးဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အမှားပါရင်လည်း ထောက်ပြပေးကြပါ။ ဘ၀မှာ သင်ယူလေ့လာမဆုံးပါဘူးဗျာ။ ကျွန်တော် လည်း လေ့လာနေစဲပါ။ ဆက်ပြီး နောက်အပိုင်းတွေကိုလည်း ဖတ်ပေးပါဦးလို့။ စာနဲ့ရေးရတာဆိုတော့ နားမလည်တာရှိရင်လည်း မေးပါ။ ကျွန်တော်သိသလောက်ဖြေပေးပါ့မယ်။

ထိုက်အောင်ကျော်